Wednesday, September 26, 2007

Dharmma and Ar-Dharmma

ဒီနေ့ မနက်စောစာက လူမစုရ၊ ဆန္ဒမပြရ၊ ညမထွက်ရ ဆိုတဲ့ အမိန့် တွေထုတ်ပြန်တယ်ခဲ့ပါတယ်။ ဒါပေမယ့် ရဟန်း၊ ရှင်လူ ပြည်သူတစ်ရပ်လုံး ယခင်နေ့ တွေထက်ပိုမိုပြီး ရဲတင်းစွာ ဆန္ဒတွေ ထုတ်ဖော်ဖို့ ၊ ကိုယ့်အခွင့်အရေးတွေကို ရယူဖို့ အတွက် လမ်းမတွေပေါ်ကို ထွက်လာခဲ့ပြန်ပါတယ်။

မွန်းတည့်ချိန်လောက်ကစပြီး။ နေ့ လည်ပိုင်းတောက်လျောက်နေရာအတော်များများမှာ ရဟန်းရှင်လူ၊ ပြည်သူလူထုကို တားဆီးခြင်း၊ ရိုက်နှက်ခြင်း၊ ဖမ်းဆီးခြင်း၊ ပစ်ခတ်ခြင်းတွေ ပြုလုပ်တယ်လို့ ကြားသိရပါတယ်။

မေတ္တာသုတ်တော်ကို အေးချမ်းသိမ်မွေ့ စွာရွတ်ဆိုယင်း စည်ကမ်းတကျ ချီတက်လှည့်လည်ဆန္ဒပြခဲ့ကြတဲ့ သူတွေ ထိခိုက်၊ ဒဏ်ရာရ၊ သေဆုံးကြရတယ်လို့ လည်း ကြားသိရတာ အင်မတန် ၀မ်းနည်းကြေကွဲရပါတယ်။

လွန်ခဲ့တဲ့ အနှစ် ၂၀ ခန့် က ရန်ကုန်တက္ကသိုလ်ကျောင်းသားဘ၀ ၈၈၈၈ လူထုလှုပ်ရှားမှုကြီးကို ပြန်ပြောင်းအောက်မေ့သတိရယင်း ယခုကိုယ်ကိုယ်တိုင် အဝေးမှာ ရောက်နေရတဲ့အခြေအနေကိုလည်း စိတ်ပျက်မိပါတယ်။ ပြည်တွင်းလူထုနဲ့ အတူ တစ်ခုခုကို လုပ်ဆောင်ချင်ပါတယ်။

ပညာရေးလုပ်ငန်းတွေတစ်ဘက်နဲ့  ဘဘော့ဂါတွေထဲက သတင်းတွေကို မိနစ်နဲ့ အမျှ နားထောင်ရင်း ရဟန်းသံဃာတွေရဲ့ အဆုံးအမအတိုင်း ဥပုသ်သီလဆောက်တည်ရင်း၊ မေတ္တာပို့ ခြင်းတွေကို ပြုလုပ်ခဲ့ပါတယ်၊

ရဟန်းပြည်သူတွေ ဘေးရန်ကင်းဝေးပါစေ၊
အမိမြန်မာပြည် စစ်အာဏာရှင်အောက်မှ လွတ်မြောက်ရမည်၊
အရေးတော်ပုံအောင်ရမည်၊

Tuesday, September 25, 2007

Second day of Demonstration


ပညာရေးအတွက် စာအုပ်တွေကိုပြင်ဆင်ရင်း
ပြည်တွင်း လူထုလှုပ်ရှားမှုကို အားပေးနေခဲ့ပါတယ်။

ရဟန်းရှင်လူ ပြည်သူလူထုတစ်ရပ်လုံး ရွှင်လန်းချမ်းမြေ့ကြပါစေ။

မိမိအခွင့်အရေးတွေအတွက် မိမိတို့ ကိုယ်တိုင် ပါဝင်ဆောင်ရွက်ယင်း ရယူကြပါလို့  တိုက်တွန်းကြွေးကြော်ချက်ဟာ အင်မတန်မှ တန်ဖိုးရှိတဲ့ လှုံဆော်ချက်ဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ်တုန်းကနဲ့ မတူတော့တဲ့ အခြေအနေတွေထဲက အချက်တစ်ချက်ဖြစ်ပါတယ်၊




Monday, September 24, 2007

A Historic Event in Burma 24-September-2007

အားလုံးကိုမင်္ဂလာပါလို့ ၊ နေကောင်းကျန်းမာကြပါစေလို့ ဆုတောင်းဆန္ဒပြုပါတယ်၊
ဒီနေ့ ဟာ သမိုင်းဝင်နေ့ ထူးနေ့ မြတ်တစ်ရက်ဖြစ်ပါတယ်၊ ဟောဒီမြေကမ္ဘာမှာ ငြိမ်းချမ်းရေးနှင့် တရားမျှတမှုတွေ ဆိတ်သုဉ်းခဲ့တဲ့ မြန်မာနိုင်ငံပြန်လည်လွတ်မြောက်လာဖို့ ကောင်းမွန်သော အစပျိုးခြင်းဖြစ်လို့ ပါ၊ ပြည်သူတွေရဲ့ လူမှုဘ၀ဒုက္ခတွေက လွတ်မြောက်ဖို့ အတွက် ရဟန်းသံဃာတော်တွေ့ နဲ့  ကျောင်းသားပြည်သူတွေ ညီညာဖြဖြ လက်တွဲလို့  စနစ်ဆိုးကို တိုက်ထုတ်တဲ့နေ့ ထူးနေ့ မြတ်လည်းဖြစ်ပါတယ်၊ မြန်မာနှင့် ကမ္ဘာ့ရာဇ၀င်မှာပါ သမိုင်းမော်ကွန်းဝင်တဲ့နေ့ ဖြစ်သွားပါပြီ၊

ဆယ်စုနှစ်ပေါင်းများစွာ ပြည်သူတွေ ခံစားနေခဲ့ကြရတဲ့ ၀ဋ်ဒုက္ခအပေါင်းမှ လွတ်ကင်းလို့  ပိုမိုအလားအလာကောင်းတဲ့ လူ့ အဖွဲ့ အစည်းကို တည်ထောင်နိုင်ကြတော့မှာမဟုတ်ပါလား၊

မြန်မာပြည်သူတွေရဲ့ ဘ၀များစွာ ငြိမ်းချမ်းပါစေ။

မေတ္တာဖြင့်

သိန်းနိုင်
ခေတ္တ ချင်းမိုင်မြို့ ၊ ထိုင်းနိုင်ငံ
၂၄ စက်တင်ဘာလ၊ ၂၀၀၇

Sunday, September 23, 2007

Welcome to my blog

hello friends,

Welcome to my blog space.
I hope you are well and happy.

I will be posting the news and articles about education in Burma.

Cheers

Thein Naing