Wednesday, September 26, 2007

Dharmma and Ar-Dharmma

ဒီနေ့ မနက်စောစာက လူမစုရ၊ ဆန္ဒမပြရ၊ ညမထွက်ရ ဆိုတဲ့ အမိန့် တွေထုတ်ပြန်တယ်ခဲ့ပါတယ်။ ဒါပေမယ့် ရဟန်း၊ ရှင်လူ ပြည်သူတစ်ရပ်လုံး ယခင်နေ့ တွေထက်ပိုမိုပြီး ရဲတင်းစွာ ဆန္ဒတွေ ထုတ်ဖော်ဖို့ ၊ ကိုယ့်အခွင့်အရေးတွေကို ရယူဖို့ အတွက် လမ်းမတွေပေါ်ကို ထွက်လာခဲ့ပြန်ပါတယ်။

မွန်းတည့်ချိန်လောက်ကစပြီး။ နေ့ လည်ပိုင်းတောက်လျောက်နေရာအတော်များများမှာ ရဟန်းရှင်လူ၊ ပြည်သူလူထုကို တားဆီးခြင်း၊ ရိုက်နှက်ခြင်း၊ ဖမ်းဆီးခြင်း၊ ပစ်ခတ်ခြင်းတွေ ပြုလုပ်တယ်လို့ ကြားသိရပါတယ်။

မေတ္တာသုတ်တော်ကို အေးချမ်းသိမ်မွေ့ စွာရွတ်ဆိုယင်း စည်ကမ်းတကျ ချီတက်လှည့်လည်ဆန္ဒပြခဲ့ကြတဲ့ သူတွေ ထိခိုက်၊ ဒဏ်ရာရ၊ သေဆုံးကြရတယ်လို့ လည်း ကြားသိရတာ အင်မတန် ၀မ်းနည်းကြေကွဲရပါတယ်။

လွန်ခဲ့တဲ့ အနှစ် ၂၀ ခန့် က ရန်ကုန်တက္ကသိုလ်ကျောင်းသားဘ၀ ၈၈၈၈ လူထုလှုပ်ရှားမှုကြီးကို ပြန်ပြောင်းအောက်မေ့သတိရယင်း ယခုကိုယ်ကိုယ်တိုင် အဝေးမှာ ရောက်နေရတဲ့အခြေအနေကိုလည်း စိတ်ပျက်မိပါတယ်။ ပြည်တွင်းလူထုနဲ့ အတူ တစ်ခုခုကို လုပ်ဆောင်ချင်ပါတယ်။

ပညာရေးလုပ်ငန်းတွေတစ်ဘက်နဲ့  ဘဘော့ဂါတွေထဲက သတင်းတွေကို မိနစ်နဲ့ အမျှ နားထောင်ရင်း ရဟန်းသံဃာတွေရဲ့ အဆုံးအမအတိုင်း ဥပုသ်သီလဆောက်တည်ရင်း၊ မေတ္တာပို့ ခြင်းတွေကို ပြုလုပ်ခဲ့ပါတယ်၊

ရဟန်းပြည်သူတွေ ဘေးရန်ကင်းဝေးပါစေ၊
အမိမြန်မာပြည် စစ်အာဏာရှင်အောက်မှ လွတ်မြောက်ရမည်၊
အရေးတော်ပုံအောင်ရမည်၊

No comments: